ခုဆို ...
သူ့ရဲ့ မိုးတိမ်ရောင် ပါးပြင်မှာ
ဆည်းဆာခ လို့ ...
အပင်ကလေးရဲ့
အရှေ့ဘက် တစ်ခွင်ဟာလည်း
မှိုင်းညို့ အုပ်ဆိုင်းကာ
သစ်ရွက်တို့ ကျီစယ်မှုကိုတောင်
မခံနိုင်လောက်အောင်
ကိုယ်တို့တွေ နာကျင်ခဲ့ရပြီ
ဝေးရပြီ ...
စကားလုံးတွေက စိမ်းစိမ်းမြမြ
အကြည့်တွေ့က ပန်းနုရောင်ပြေးနေဆဲပဲ
သွားတော့ ကလေးရယ်
ထပ်တူမကျခြင်းတွေရဲ့ ရလဒ်ဆိုးပေါ့
မင်းကတစ်လမ်း .....
ကိုယ်က တစ်လမ်း .....
သွားသူကတော့ တစ်ယောက်တည်း
ဒဏ်ရာနဲ့ ကျန်ခဲ့ရသူကတော့
သစ်ပင်ကလေးရယ်
ခုံတန်း ပြာပြာကလေးရယ်
ကိုယ်ရယ်
နေလုံး နီနီကြီးနဲ့
မသိမ်းနိုင်ခဲ့ တဲ့ မျက်ရည် အချို့ရယ် ....။
ငါ့မောင်ငေးက တော်တော်တိုးတက်လာနေတာပါလား
ReplyDeleteဆရာထက်တပည့်လက်စွမ်းထက်နေတယ်ပေါ့း))
ဒီ့ထက်များများကြေကွဲနိုင်ပါစေကွယ်
ချစ်ခင်စွာဖြင့်
နင့်အစ်မသမီးစံ:P